ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်သွယ်ကြတဲ့အခါ ပါတ်ဝန်းကျင်မှာ , သူငယ်ချင်းတွေကြားမှာ , မိသားစုတွေထဲမှာ –
ကိုယ်က ဘာဆိုလိုတယ်ဆိုတာ ဂဃနဏ မသိဘဲ တစ်ဖက်သတ် သူတို့တွေးထင်ချင်သလို ယူဆတွေးထင်လိုက်ကြတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ assuming လို့ခေါ်တာပေါ့နော်။
ကိုယ်ဆိုလိုတာတမျိုး, သူတို့က သူတိုဘာသာ တွေးတောပြီး ထင်မြင်ယူဆလိုက်တာကတမျိုးမို့ “ငါကတော့ နင်ကြိုက်မယ်ထင်လို့ လုပ်လိုက်တာလေ၊ ငါ့စေတနာကို စော်ကားတယ်” ဘာညာတွေနဲ့ drama တွေဖြစ်လာတတ်ကြပါတယ်။
Assuming သဘောကို သဘောမပေါက်ကြလို့ ဆက်ဆံရေးတွေမှာ စိတ်နာကြ, ရန်ဖြစ်ကြတာလည်း များပါတယ်။
ဥပမာ – “နင်က ငါ့ကိုဆို ဝယ်ကျွေးမှာမဟုတ်ဘူးလေ ဒါကြောင့် ငါစားဖို့ ငါ့ဘာသာငါ ယူလာတာ”
“နင် ခုလိုလျှောက်သွားနေတာ ကဲချင်၊ ရွချင်လို့ပေါ့”
“ငါ့ဆီကို ဒီနေ့နင်မလာတာ နင်အခြားတစ်ယောက်နဲ့ သွားနေလို့ဆိုတာ ငါက သိပြီးသား”
ဒါတွေက တဖက်သတ် ထင်မြင်ယူဆချက်တွေရဲ့ သဘောသဘာဝတွေပါ။ သူများကလည်း ကိုယ့်ကိုလုပ်သလို ကိုယ်ကလည်း သူများကို လုပ်မိမှာပါပဲ။
တဖက်သတ် ထင်မြင်ယူဆချက်ကို ကိုယ်က သူများအပေါ် လုပ်မိနေတယ်ဆို ဖြေရှင်းလို့ရတဲ့ အကောင်းဆုံးနည်းလမ်းကတော့ “ကိုယ့်တဖက်သတ် ထင်မြင်ယူဆမှုမပြုမိခင် မေးမြန်းပါ။” “Ask before you assume”
သူများက ကိုယ့်ကို လာသုံးသပ်နေတာ, သူ့ဘာသာသူ ကိုယ့်အပေါ် ကောက်ချလာချနေတာမျိုးလုပ်လာရင်လည်း “Stop assuming, ask a question first” လို့ ပြောဖို့ အားမနာပါနဲ့။
Happy conscious Sein Mya Living to you!X