အိမ်နားမှာ၊ စျေးမှာ၊ shopping mall တွေမှာ၊ social media တွေမှာ အဝတ်အစား၊ အစားအစာ၊ လူသုံးကုန်တွေရောင်း တာပြီးရင် ဘာတွေထပ်ရောင်းတာမြင်မိကြသေးလဲ, သတိထားမိကြသလား။
“2019 model, 2020 တွက် ဒီဇိုင်းသစ်” စသဖြင့် ရောင်းနေကြတဲ့ ပရိဘောဂတွေ၊ တရုတ်ပြည်ကနေ ဖောချင်းသောချင်း ဝင်နေတဲ့ အိမ်အလှဆင်ပစ္စည်းပေါင်းစုံတွေကို မြင်ဖူးကြတယ်မဟုတ်လား
အဲ့လိုဆိုတော့ 2019 တွက် ဝယ်တာက 2020 မှာ ပစ်ရတော့မှာလား။ 2021 ကျရင် 2020 တုန်းက ဝယ်တာက ဒိတ်အောက်သွားပြီလား။
Fast fashion အကြောင်းတွေကို သဘာဝပါတ်ဝန်းကျင် အရေး ထိခိုက်မှုက ဆင်ခြင်နိူင်ဖို့ အရေးတကြီးပြောခဲ့ကြသလိုပဲ Fast furniture အကြောင်းကလည်း ခုဆိုကမ္ဘာမှာ အရေးကြီးတဲ့ topic ဖြစ်လာပါတယ်။

ကျွန်မတို့ငယ်စဉ် အဖိုး၊အဖွား၊ အဖေ၊ အမေတို့လက်ထပ်က အိမ်မှာ ဘီဒိုဟောင်းကြီး၊ သံသေတ္တာကြီး၊ ကြိမ်တွေမရှိတော့ပေမယ့် သစ်သားပြားပြန်ရိုက်ထားတဲ့ ထိုင်ခုံ စသဖြင့်မြင်ဖူးကြမှာပါနော်။
တကယ်တော့ ရှေးကလူကြီးတွေဟာ သဘာဝပါတ်ဝန်းကျင်အရေး ဘာညာတွေမသိပါဘဲ အိမ်မှာရှိပြီးသားကိုပဲ ပြန်ပြင်သုံးရမယ်ဆိုတာကို နားလည်ခဲ့ကြတယ်။ ခေတ်အခြေအနေအရ ခုခေတ်လို များများစားစားရှိတဲ့ခေတ်လည်း မဟုတ်ခဲ့ဘူး။
ဒီခေတ်ဟာတော့ အားလုံးသော လူတွေက အချိန်မရကြတဲ့ခေတ် မဟုတ်လား။ ကျွန်မတို့တတွေ လျှင်မြန်လာခဲ့ကြသလိုပဲ စျေးပေါပြီး တာရှည်မခံတဲ့ ပရိဘောဂတွေ၊ အိမ်အလှဆင် ပစ္စည်းရောင်းတာတွေဟာ အတော်လေးကို ဟိုက ဒီကနဲ့ လျှင်မြန်စွာ ပေါ်လာခဲ့ကြပါတယ်။
စျေးကသင့်တော်တော့ ဒီဒီဇိုင်း ခုထားမယ်၊ နောင်နှစ်ကျတော့ နောက်ဒီဇိုင်းပေါ့ ဆိုတာမျိုး စိတ်ထဲဖြစ်လာကြတာကလည်း ဒီခေတ်လူနေထိုင်မှုမျိုးနဲ့က ဟန်ကျနေတာပေါ့။ Fast Furniture တွေကို အိမ်မှာထားရင် ကြည့်ရတာကလည်း ခေတ်မီသလို, သန့်ပြန့်နေသလိုလို, တောက်ပနေသလိုလို ရှိတယ်လေ။ ဒီလိုနဲ့ အိမ်က ခွေးခြေခုံလေးတွေ၊ ကြိမ်ကုလားထိုင်ကြီးတွေနေရာမှာ fast furniture တွေက အစားထိုးပြီးရောက်လာတာမျိုး ရှိပါတယ်။

-Fast Furniture က ဘာလို့မကောင်းတာလဲ။
၁။ တာရှည်မခံခြင်း
သူ့ကို particle board တွေနဲ့လုပ်ထားတာများပြီး laminate လောင်းထားတာမို့ သစ်သားပရိဘောဂတွေလို မျက်နှာပြင် ပွန်းပဲ့သွားတာမျိုးဆို ပြန်လှအောင် ကော်ပတ်တိုက်၊ အချောကိုင်ပြန်လုပ်လို့ မရပါဘူး။ Partical board တွေနဲ့လုပ်ထားတာတွေဟာ လှုပ်လိုက် ရွေ့လိုက်တာနဲ့ နဲ့လာတာ၊ ဖောင်းကြွလာတာမျိုးတွေနဲ့ နှစ်အနည်းငယ်ပဲခံပါတယ်။ ငါးနှစ်တခါ စာအုပ်စင်၊ ကုတင် တွေပြောင်းနေရမှာထပ်စာရင် သစ်သားလို quality ပရိဘောဂကို ဝယ်ဖို့လုပ်တာက ရေရှည်တွက် အဆင်ပြေပါတယ်။
ဒါပေမယ့်လို့ ခေတ်မှီပရိဘောဂဆိုင်တွေကကြော်ငြာနေသလို “ဒိတ်အောက်နေပြီ၊ ဒါက နောက်ဆုံးပေါ်” လို့ ကြော်ငြာနေတာတွေကြားမှာ “ဝယ်တုန်းကလည်း စျေးကြီးတာမဟုတ်ဘူး။ ခုလောက်ထိ သုံးရတော်ရောပေါ့။ အိမ်ကဟာ ပစ်လိုက်ရလည်း အရေးမဟုတ်ပါဘူး” ဆိုတဲ့ အတွေးနဲ့ ပေါ့ပါးနေခဲ့မိကြတယ်။
၂။ အလွန်အမင်းထုတ်လုပ်ခြင်း
တနေ့အတွင်းထုတ်လိုက်တဲ့ စာအုပ်စင်ပေါင်းများစွာ၊ ထိုင်ခုံပေါင်းများစွာနဲ့ အရမ်းကို ပေါများနေကြသလို စျေးကလည်း လူတိုင်းတတ်နိူင်အောင်ကို ပေါလာပါတယ်။ ဒါကြောင့် ကိုယ်လိုချင်လို့ ဝယ်လိုက်တဲ့ပစ္စည်းဟာ တကမ္ဘာလုံးက အခြားလူသိန်းပေါင်းများစွာမှာလည်း ရှိနေမယ့် ဒီဇိုင်းကိုပဲ ကိုယ်ကရနေမှာကို ဂရုပြုသင့်ပါတယ်။ ဆိုလိုတာက unique ဖြစ်မနေပါဘူး။ (ဥပမာ ပလတ်စတစ်ကော်ခုံများ)

၃။ အဖြုန်းအတီးများခြင်း
ကိုယ်တွေနိူင်ငံရဲ့ စစ်တမ်းကို မသိရပေမယ့် ဩစတြေးလျရဲ့ အိမ်ထောင်စုတစ်စုဟာ တစ်နှစ်မှာ 24 kg စာပမာဏ ပရိဘောဂတွေကို လွှင့်ပစ်နေကြပါတယ်။ ဒါတွေကို အိမ်တိုင်းကပစ်မယ့် ပမာဏနဲ့ သေချာတွက်ကြည့်ရင် ရမယ့်ပမာဏက 3.4 million စာ ကော်ဖီစားပွဲတွေနဲ့ 800,000 စာသော သုံးယောက်ထိုင် ဆိုဖာတွေစာလောက်ကို ရှိပါတယ်။ သူတို့ဟာ ကြိတ်သား, laminate သားတွေဖြစ်တာမို့ သစ်သားလို ပြန်လည် ပြုပြင်ဖန်တီးလို့လည်းမရဘဲ အမှိုက်ပုံမှာ ရောက်သွားရပါတော့တယ်။
၄။ အဆိပ်အတောက်ဖြစ်စေခြင်း
Particle board တွေနဲ့လုပ်ထားတဲ့ စျေးနှုန်းသင့် ပရိဘောဂတွေဟာ များသောအားဖြင့် formaldehyde လို့ခေါ်တဲ့ toxic chemical တွေပါဝင်ပါတယ်။ သူဟာ plastic laminate coating တွေဖြစ်လို့ recycle ရော biodegrade လည်းမဖြစ်ပါဘူး။
ါတွေကိုသိထားရတော့ စျေးနှုန်းသင့် ပရိဘောဂတွေကို ဘယ်လိုရှောင်ရမှာလဲ။
-အရည်အတွက်ထက် အရည်အသွေးမှီပရိဘောဂတွေကို ရွေးချယ်ပါ။
-ကိုယ်မဝယ်ခင် သေချာစဉ်းစားရမှာက ဒီပစ္စည်း ဘယ်ကလာတာလဲ။ ဘယ်လိုနည်းနဲ့ လမ်းဆုံးမှာလဲ။
-ကျင့်ဝတ်ကောင်းတဲ့ ပရိဘောဂဆိုင်တွေကို ရွေးချယ်တတ်ဖို့၊ ပရိဘောဂ အဟောင်းရောင်းတဲ့ဆိုင်တွေကို ပိုရွေးချယ်ဖို့
-မြင်ရတာကြာလေ ရိုးလွယ်စေတဲ့ ဒီဇိုင်းဆန်းဆန်း ပရိဘောဂတွေကိုဝယ်ယူတာကရှောင်ပြီး ပုံစံရိုးရှင်းတာတွေကိုပဲ ရွေးချယ်ရင် အကြာကြီး အထားခံ အကြည့်ခံပါတယ်။
-ကိုယ့်လက်ထက်ကနေ ကိုယ့်သားသမီးလက်ထက်ထိ အသုံး ခံမယ့် ပရိဘောဂမျိုး၊ ကိုယ့်ကလေးသေးသေးလေးဘဝထဲကနေ သူတို့အသက်ကြီးသွားတဲ့ထိ သုံးလို့ရတဲ့ ပရိဘောဂမျိုးကို ဦးစားပေးဝယ်ပါ။
-ဒီခေတ် လူနေထိုင်မှု စနစ်အရ အိမ်ခဏခဏပြောင်းနေရတဲ့ မိသားစုတွေ အနေနဲ့ ဝန်ပေါ့ပြီး သုံးလို့လွယ်တဲ့ စျေးနှုန်းသင့် ပရိဘောဂ(fast furniture) တွေကို မဖြစ်မနေ ဝယ်ကိုဝယ်ရ တော့မယ်ဆိုရင်တော့ ဝယ်ပါ။ ဒါပေမယ့်ကြာရှည် အသုံးပြုပေးပါ။ Second hand ကို အသိတွေဆီက ပြန်ဝယ်သုံးတာ၊ online မှာ ပရိဘောဂ second hand group တွေကနေ ဝယ်တာမျိုးတွေနဲ့ အစားထိုးလို့ရပါတယ်။ Japan ကလာတဲ့ ကွန်တိန်နာပုံးနဲ့ ပါလာတဲ့ furniture တွေလည်း ရောင်းတာတွေ့ရပါတယ်။


အရေးကြီးဆုံး စကား ထပ်ပြောရမှာကတော့ ကျွန်မတို့ဝယ်မယ့် ပရိဘောဂတွေကို သေချာစမ်းစစ်ဖို့လိုပါတယ်။ သူဘယ်လိုဖြစ်လာတာလဲ။ ဘာတွေ သုံးထားတာလဲ ဘယ်လို၊ ဘယ်ချိန် ဇာတ်လမ်ဆုံးမှာလဲ။
ပြီးတော့ ကျွန်မတို့မှာ ရှိနေတဲ့ ပရိဘောဂတွေကိုလည်း တန်ဖိုးထားရပါမယ်။ ဆိုလိုတာက အချိန်ယူပြီး အေးဆေးစဉ်းစားပြီး ကိုယ်တကယ်ချစ်တဲ့ ပရိဘောဂကို ရှာဖို့, ပရိဘောဂလုပ်တာကို စိတ်ဝင်စားပြီး သေချာဖန်တီးထုတ်လုပ်ထားတဲ့ လူတွေကို ရှာဖွေအားပေးဖို့ (အိမ်နားက အရက်မူးနေပေမယ့် လက်သမားအလုပ်ကို ချစ်ပြီးလက်ရာအရမ်းကောင်းတဲ့ လက်သမားဆရာကြီးလည်း ပါနေနိူင်ပါတယ်)
ပြီးတော့ ကျွန်မတို့ရဲ့ အိမ်က ပရိဘောဂတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နဲ့ ပျက်စီးရင် ပြန်လည်ပြင်ဆင်ကြဖို့…
ဒါတွေကို ဂရုပြု ဆင်ခြင်မိစေကြစေဖို့ စိမ်းမြ နှိုးဆော်စာ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
